Wednesday, February 11, 2009

ဒီမိုကရေစီ ခရီးစဉ် (၃)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်ကတော့ မြန်မာပြည်သူတွေကို ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးချက်တွေ၊ အယူ အဆတွေ၊ အသွင်ကူးပြောင်းရေးကာလနဲ့ ဆိုင်တဲ့ အယူအဆတွေကို ဆွေးနွေးတင်ပြနေတာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ အစီအစဉ်မှာတော့ ဘာကြောင့် ဒီမိုကရေစီစနစ်ကို ရွေးချယ်ရတာလဲ ဆိုတဲ့ အကြောင်း (Why democracy?) ကို တင်ပြထားပါတယ်။ ကိုအောင်သူငြိမ်းနဲ့ ဆွေးနွေးထား ပါတယ်။

ပါမောက္ခ ရောဘတ်ဒါးလ် (Robert Dahl) ရဲ့ On Democracy စာအုပ်ကို အခြေခံ ဆွေးနွေးထားတာပါ။ ပါမောက္ခဒါးလ်က ဒီမိုကရေစီကြောင့်ရတဲ့ အကျိုး ၁၀ ပါးကို ဖော်ပြ ထားပါတယ်။ အာဏာရှင်စနစ်ကို ရှောင်လွှဲနိုင်တာ၊ မရှိမဖြစ်လိုအပ်တဲ့ အခွင့် အရေးတွေ ခံစားနိုင်တာ၊ အထွေထွေ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရ တန်းတူမှု၊ ငြိမ်းချမ်းရေး၊ ချမ်းသာ ကြွယ်ဝမှု ... စသဖြင့်ပါပဲ။

Get this widget | Track details | eSnips Social DNA

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ