Wednesday, February 18, 2009

ဒီမိုကရေစီ ခရီးစဉ် (၁၈)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ အစီအစဉ်မှာတော့ နာဂစ်မုန်တိုင်းအပြီး မြန်မာနိုင်ငံမှာ စစ်အစိုးရက ကယ်ဆယ်ရေး လုပ်ငန်း တွေ နှေးကွေးပျက်ကွက်နေလို့ နိုင်ငံတကာမိသားစုက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ စစ်အစိုးရ သဘောတူ သည် ဖြစ်စေ၊ မတူသည်ဖြစ်စေ ၀င်ရောက် ပေးပိုင်ခွင့်ရှိတယ်လို့ ဆိုလာကြပါတယ်။ ကာကွယ်မှု ပေးရေးဆိုင်ရာ နိုင်ငံတကာရဲ့ တာဝန်ဝတ္တရား (Responsibility to protect) (R2P) ဆိုတဲ့ အယူအဆကိုလည်း ကျယ်ကျယ်လောင်လောင် ပြောဆိုလာသံကို ကြားနေခဲ့ရပါတယ်။

နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာဆိုတဲ့ သဘောတရားက ဘာကိုဆိုလိုတာလဲ၊ ဘယ်လိုအရေးကြီးတာလဲ။ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေမှာ အချုပ်အခြာ အာဏာပိုင်မှု (Soverignity) ရဲ့ အကန့်အသတ် ကိစ္စများကို တင်ပြထားပါတယ်။ ကိုဝင်းမင်းနဲ့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ