Monday, February 23, 2009

ဒီမိုကရေစီ ခရီးစဉ် (၃၇)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ အစီအစဉ်မှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့ကြတဲ့ နိုင်ငံ ၃၀ ရဲ့ အတွေ့ အကြုံတွေကိုယှဉ်ပြီး ချုပ်ကိုင်မှုများ ဖြေလျော့ခြင်း (Liberalization)၊ အသွင်ကူးပြောင်းခြင်း (Transition)၊ ဒီမိုကရေစီ စနစ် ခိုင်မာအောင်လုပ်ခြင်း (Democracy consolidation) ကိစ္စတွေကို ကိုအောင်သူငြိမ်းနဲ့ ဆွေးနွေးတင်ပြထားပါတယ်။ ဟန်ဂေရီနိုင်ငံ၊ Central Europen University က ပါမောက္ခ ရှမစ်တာ နဲ့ အီတလီနိုင်ငံ၊ Europen University Institute က ပါမောက္ခ ရှနိုက်ဒါ (Professor Schmitter and Scheneider) တို့ရဲ့ သုံးသပ်ချက်စာတမ်း CARSTEN Q. SCHNEIDER and PHILIPPE C. SCHMITTER, Liberalization, Transition and Consolidation: Measuring the Components of Democratization, Democratization, Vol.11, No.5, December 2004, pp.59–90 ကို အခြေခံ ဆွေးနွေး တင်ပြထားတာ ဖြစ်ပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ