Wednesday, February 11, 2009

ဒီမိုကရေစီ ခရီးစဉ် (၄)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ မတ်လ ၂ ရက်နေ့ အစီအစဉ်မှာတော့ နိုင်ငံရေး အင်စတီကျူးရှင်းများအကြောင်း (Political institutions) ကို တင်ပြ ထားပါတယ်။ ကိုအောင်သူငြိမ်းနဲ့ ဆွေးနွေးထားပါတယ်။ အဓိကအကြောင်းအရာကတော့ နိုင်ငံရေး အင်စတီ ကျူးရှင်းများ လို့ဆိုအပ်တဲ့ ရွေးကောက်ခံ အရာရှိများ၊ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲများ၊ လွတ်လပ်စွာ ဖော်ပြ ပြောဆိုခွင့်၊ အဖွဲ့အစည်း ဖွဲ့စည်းပိုင်ခွင့်၊ အခြားသော ကွဲပြားတဲ့ သတင်းရင်းမြစ်များကိုလည်း ကြားနာပိုင်ခွင့်နဲ့ နိုင်ငံသား ဖြစ်မှု ကိစ္စတွေ အပါအ၀င် ဖြစ်ပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ