Thursday, February 12, 2009

ဒီမိုကရေစီ ခရီးစဉ် (၇)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ အစီအစဉ်မှာတော့ လက်တင်အမေရိက နိုင်ငံများ အသွင်ကူးပြောင်းရေး မဟာဗျူဟာ များ အကြောင်း (Strategies of Transition in Latin America) ကို တင်ပြထားပါတယ်။ ကိုဇော်ဦးနဲ့ ဆွေးနွေး ထားပါတယ်။ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (MIT) က ပါမောက္ခ ၀ိုင်နာ (Professor Weiner) ရဲ့စာတမ်းကို အခြေခံ ဆွေးနွေးထားတာပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်ဆိုရင် ဗျူဟာချမှတ်မှုဟာလည်း အရေးပါကြောင်း သူက လက်တင်အမေရိက နိုင်ငံတွေရဲ့ အတွေ့အကြုံကို ထုတ်ယူဆင်ခြင်ထားပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ