Sunday, February 22, 2009

ဒီမိုကရေစီ ခရီးစဉ် (၃၄)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ အစီအစဉ်မှာတော့ မြန်မာစစ်တပ်က ကျင့်သုံးနေတဲ့ အမျိုးသားလုံခြုံရေး အယူ အဆ တွေဟာ ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၊ ဂျော့ မေဆင်တက္ကသိုလ်မှာ Ph. D ဘွဲ့အတွက် ကျမ်းပြုနေသူ ကိုမင်းဇော်ဦးနဲ့ ဆွေးနွေးတင်ပြထားပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်တပ်က ရှုမြင်ပုံအတိုင်း အတိုက် အခံတွေဖက်က ကိုယ်စား ၀င်ကြည့်ခြင်း အားဖြင့် စစ်တပ်နဲ့ ဘယ်လိုဆက်ဆံနိုင်မလဲ၊ ဘယ်လို မိမိရည်ရွယ်ချက်ကို အထ မြောက်အောင် ဆောင်ရွက်နိုင် မလဲဆိုတာ တင်ပြထားပါတယ်။

I will update with sound file later.

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ