Thursday, February 19, 2009

ဒီမိုကရေစီ ခရီးစဉ် (၂၅)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ အစီအစဉ်မှာတော့ သမိုင်းကြောင်းကို အခြေခံလို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနိုင်ဖို့ ဘယ်လိုမဟာဗျူဟာ စဉ်းစားနိုင်မလဲဆိုတာ ဆွေးနွေးတင်ပြထားပါတယ်။ သမိုင်းကနေ ဘယ်လို သင်ခန်းစာတွေ ထုတ်ယူနိုင်မယ်ဆိုတာ ထင်ရှားတဲ့ ကဗျာဆရာတဦး ဖြစ်သလို ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်ခဲ့သူ စာရေးဆရာ ဒဂုန်တာရာနဲ့ ဆွေးနွေးထားပါတယ်။ သူက " နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တာ" ဆိုတဲ့စကား အဆိုတခုကို တင်ပြပြောဆိုခဲ့ဖူးပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ