Wednesday, February 18, 2009

ဒီမိုကရေစီ ခရီးစဉ် (၂၀)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ အစီအစဉ်မှာတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ ဖွဲ့စည်းပုံကိစ္စက အရေးကြီး တာလား၊ မဟာဗျူဟာက ပိုလို့ အရေးကြီးသလားဆိုတာကို ဆွေးနွေးတင်ပြထားပါတယ်။ စတန်းဖို့ဒ် တက္ကသိုလ်က ပါမောက္ခ တယ်ရီလင်း ကားလ်ကတော့ လက်တင်အမေရိကနိုင်ငံတွေရဲ့ ဒီမိုကရေစီ ပြောင်းလဲရေးတွေကို လေ့လာခဲ့ပြီး သူကတော့ ဒီမိုကရေစီ အသွင်ပြောင်းရေးကိစ္စတွေမှာ လိုအပ်တဲ့ ဖွဲ့စည်းပုံတွေ မပြည့်စုံခဲ့ပါဘူးတဲ့။ ဒါပေမယ့် မဟာဗျူဟာက ပိုလို့အရေးပါပုံကို တွေ့ရှိ တင်ပြခဲ့ပါတယ်။ ကိုအောင်သူငြိမ်းနဲ့ ဆွေးနွေးထားပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ