Sunday, February 22, 2009

ဒီမိုကရေစီ ခရီးစဉ် (၂၉)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ အစီအစဉ်မှာတော့ သဘာဝကပ်ဘေးဒုက္ခတွေ အပြီးမှာ ပြေလည်မှုကို မရှာဖွေနိုင်ခဲ့ ဘဲ ကပ်ဘေးကယ်ဆယ်ရေး အရင်းအမြစ်တွေကို သူချုပ်ကိုင်မယ်၊ ကိုယ်ချုပ်ကိုင်မယ် ဆိုပြီး အငြင်းပွားလို့ သွေးထွက်သံယို ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံ အကြောင်းကို တင်ပြထားပါတယ်။ ပဋိပက္ခတွေကို ဘေးမချနိုင် ဘဲ၊ သဘာဝ ကပ်ဘေးဒုက္ခ သင့်ပြည်သူတွေကို လျစ်လျူရှုခဲ့တဲ့ မတူတဲ့ ချည်းကပ်ပုံ ဖြစ်ပါတယ်။ ကိုအောင်သူငြိမ်းနဲ့ ဆွေးနွေးထားပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ