Monday, February 23, 2009

ဒီမိုကရေစီ ခရီးစဉ် (၃၉)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ အစီအစဉ်မှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့ကြတဲ့ နိုင်ငံ ၃၀ ရဲ့ အတွေ့ အကြုံတွေကိုယှဉ်ပြီး အသွင်ကူးပြောင်းတဲ့အဆင့် အသွင်ကူးပြောင်းခြင်း (Transition)၊ ဒီမိုကရေစီ စနစ် ခိုင်မာအောင် လုပ်တဲ့အဆင့် (Democracy consolidation) ကာလမှာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ကိုအောင်သူငြိမ်းနဲ့ ဆွေးနွေး တင်ပြထားပါတယ်။ ပါမောက္ခ ရှမစ်တာ နဲ့ ရှနိုက်ဒါ (Professor Schmitter and Scheneider) တို့ရဲ့ သုံးသပ်ချက် စာတမ်းကို အခြေခံ ဆွေးနွေး တင်ပြထားတာ ဖြစ်ပါတယ်။

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ