Wednesday, February 18, 2009

ဒီမိုကရေစီ ခရီးစဉ် (၁၄)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ မေလ ၁၁ ရက်နေ့ အစီအစဉ်မှာတော့ ပိုမိုရှုပ်ထွေးနက်နဲတဲ့ ကပ်ပြဿနာများ (complex emergencies) ကို တင်ပြ ဆွေးနွေးထားပါတယ်။ နာဂစ်လေပြင်းမုန်တိုင်းက မကြာသေးမီကပဲ မြန်မာနိုင်ငံကို ဆိုးရွားစွာ တိုက်ခတ်ဖျက်ဆီးခဲ့ ပါတယ်။ ခုလို သဘာဝကပ်ဘေး (natural disaster) တွေထက် ပိုနက်နဲတဲ့၊ လူမှု-စီးပွား-နိုင်ငံရေး- ပဋိပက္ခ နောက်ခံ ပေါင်းစုံ ရောထွေနေတဲ့ ပြဿနာမျိုးကို ကိုင်တွယ် ဖြေရှင်းကြပုံကို တင်ပြဆွေးနွေးထားတာပါ။ ကိုအောင်သူငြိမ်းနဲ့ ဆွေးနွေးထားပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ