Sunday, February 22, 2009

ဒီမိုကရေစီ ခရီးစဉ် (၃၁)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ အစီအစဉ်မှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်အကွဲအပြဲ ဖြစ်လာနိုင်ခြေ ရှိသလား ဆိုတာကို ဆွေးနွေးတင်ပြထားပါတယ်။ သြစတြေလျနိုင်ငံ အခြေစိုက် ကာကွယ်ရေးကိစ္စတွေကို သုတေသနပြုနေသူ ပညာရှင် အင်ဒရူး ဆက်လ်သ် (Andrew Selth) ကတော့ ဒီလို အကွဲအပြဲမျိုး ဖြစ်နိုင်ခြေ မရှိဘူးလို့ သုံးသပ်ပါတယ်။ သို့သော်လည်း ကာကွယ်ရေး စစ်တက္ကသိုလ် (DSA) ပထမအပတ်ဆင်း တပ်မတော် အရာရှိဟောင်း ဦးခင်မောင်ညွန့် ကတော့ ဒီအချက်ကို သဘောမတူလှပါဘူး။ သူကတော့ ဗျူဟာကျင့်သုံးပုံနဲ့သာ သက်ဆိုင်မယ်ဆိုတာ ဆွေးနွေး တင်ပြ ထားပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments:

ရေးခဲ့သမျှ

ဧည့်သည်များ