Friday, March 6, 2009

ဒီမိုကရေစီ ခရီးစဉ် (၅၁)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့ အစီအစဉ်မှာတော့ ခေါင်းဆောင်မှုရဲ့ လုပ်နည်းလုပ်ဟန်တွေကို တင်ပြထားပါတယ်။ နည်းပညာ တဟုန်ထိုးပြောင်းလဲနေတဲ့ ခေတ်ကာလမှာ ပြောင်းလဲနေတဲ့အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ကြမလဲ ဆိုတာက အရေးကြီးတဲ့ လေ့လာစရာ ဘာသာရပ်တခု ဖြစ်လာပါတယ်။ ခေါင်းဆောင်တွေက လိုက်လျောညီထွေ လုပ်ရမယ့် အလုပ်များ (adaptive works) များ အကြောင်း တင်ပြထားပါတယ်။ ဟားဗတ်တက္ကသိုလ်က ခေါင်းဆောင်မှု ဆိုင်ရာ ပညာ ပါမောက္ခ ရော်နယ် ဟိုင်းဖက်စ်နဲ့ ဒေါ်နယ် လော်ရီတို့ရဲ့ "The Work of Leadership" by Ronald A. Heifetz and Donald L. Laurie, Harvard Business Review, Jan-Feb 1997 ကို အခြေခံပြီး ကိုအောင်သူငြိမ်းနဲ့ ဆွေးနွေးတင်ပြ ထားပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments: