Thursday, March 5, 2009

ဒီမိုကရေစီ ခရီးစဉ် (၄၇)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ အစီအစဉ်မှာတော့ ထုံးတမ်းဓလေ့ (culture) မတူကြတဲ့ အဖွဲ့တွေအကြား တဖွဲ့နဲ့ တဖွဲ့ ယုံကြည်နိုင်မှုက သြဇာသက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်၊ အချို့အဖွဲ့အစည်းတွေက အခွင့်အာဏာသုံးတာကို လက်ခံ နိုင်ုမှု မြင့်တဲ့ဓလေ့ ရှိတယ်၊ အချို့အဖွဲ့အစည်းတွေက အခွင့်အာဏာ သုံးတာကို လက်ခံနိုင်မှုနည်းတဲ့ ဓလေ့ထုံးတမ်း ရှိကြပါတယ်။ ဒီအချက်အပေါ် မူတည်ပြီး တဦးနဲ့ တဦးယုံကြည်မှုအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတာကို ကိုအောင်နိုင်ဦးနဲ့ ဆွေးနွေးတင်ပြ ထားပါတယ်။ Hofstede & Hofstede 2005, Culture and Organizations: Software of the Mind ပါမောက္ခ ဟော့်ဖ် စတိဖ်ရဲ့ ဆောင်းပါးကို အခြေခံဆွေးနွေးတင်ပြ ထားပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments: