Thursday, March 5, 2009

ဒီမိုကရေစီ ခရီးစဉ် (၄၈)

ဗွီအိုအေ (VOA) မြန်မာပိုင်းအစီအစဉ်မှာ တနင်္ဂနွေနေ့ ညနေပိုင်း (ညနေ ၆း ၀၀ နာရီမှ ၇း ၀၀ နာရီ) အချိန်မှာ အခု ဒီမို ကရေစီ ခရီးစဉ် ဆွေးနွေးခန်းတွေကို တင်ဆက်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (Vahu Development Institute) က စီစဉ် တင်ဆက်တာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ အစီအစဉ်မှာတော့ ယုံကြည်မှုဖြစ်စဉ်ဆိုတာ တွက်ချက်မှု၊ ကြိုတင်ခန့်မှန်းနိုင်မှု၊ အဖွဲ့ အစည်းတွေရဲ့ သဘောသဘာဝတွေအပေါ် မူတည်ကြောင်း တင်ပြထားပါတယ်။ ဒီလို ဖြစ်စဉ်ကို သဘောပေါက် နားလည် ခြင်းအားဖြင့် ယုံကြည်မှု တည်ဆောက်ရေးအတွက် အရေးကြီးပုံကို ထောက်ပြထားပါတယ်။ Doney et al, 1998, Understanding the Influence of National Culture on the Development of Trust ပါမောက္ခ ဒိုနေးရဲ့ ဆောင်းပါးကို အခြေခံ တင်ပြထားပြီး ကိုအောင်သူငြိမ်းနဲ့ ဆွေးနွေးတင်ပြထားပါတယ်။

Get this widget | Track details | eSnips Social DNA

0 comments: